ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ စက်တင်ဘာ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က နတ်မှော်ရွာသစ်(အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန တာဝန်ရှိသူများမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးစသည့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)