ကံမမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကံမ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စည်ပင်သာယာ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဖြန့်ဝေသော အသိပညာပေးလက်ကမ်းစာစောင်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၏ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ ဖော်ပြပါရှိပြီး    ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုကို ခံယူရန် အသိပညာပေးရေးသားဖော်ပြထားကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)