သံတောင်ကြီး စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် အစည်းအဝေး ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဘိုက လူဦးရေနှင့်သန်းခေါင် စာရင်း ကောက်ယူနိုင်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်မည့်သူများ၊ သင်တန်းပြုလုပ်မည့်အစီအစဉ်များစသည်တို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဘာသာရေးဆိုင်ရာ အသင်းတော်များမှ ဘုန်းတော်ကြီးများက လူဦးရေနှင့်သန်းခေါင်စာရင်းကို အေးချမ်းစွာနှင့် အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ဆောင်ရွက်မည့်အစီအမံများအား အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။
နော်နော်မူ