ဖျာပုံမြို့၌ လိပ်ဥကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာ ဝိဇာတ မွေးနေ့အဖြစ် အိမ်ထောင်စု(၁၂၀၀)အား ဆန်၊ ဆီ၊ ကြက်သွန်များ လှူဒါန်းပွဲပြုလုပ်

ဖျာပုံ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကမျွမ်ဘုရား၊ လိပ်ဥကုန်းကျောင်းတိုက်၊ ထာဝရ-ရာသက်ပန် မိုးကုတ် ဝိပဿနာ၊ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓါန မဟာနာယက "နိုင်ငံတော် ကမ္မဋ္ဌာနာစရိယ၊ နိုင်ငံတော်မဟာ ကမ္မဋ္ဌာနာစရိယ၊ နိုင်ငံတော်အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်များရ၊ ပြည်တွင်း/ပြည်ပ သာသနာပြုအကျော်" ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာ၏ ဝိဇာတမွေးနေ့အဖြစ် မြို့နယ်အတွင်းရှိ လက်လုပ်လက်စား အိမ်ထောင်စု (၁၂၀၀)အား ဆန်၊ ဆီ၊ ကြက်သွန်များ လှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က ရှေးဟောင်း သမိုင်းဝင် ကျိုက္ကမျွမ်ဘုရားဝန်းအတွင်း ကျင်းပသည်။
အဆိုပါ လိပ်ဥကုန်းကျောင်းတိုက်၊ ထာဝရ-ရာသက်ပန် မိုးကုတ်ဝိပဿနာ၊ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓါန မဟာနာယက "နိုင်ငံတော် ကမ္မဋ္ဌာနာစရိယ၊ နိုင်ငံတော်မဟာ ကမ္မဋ္ဌာနာစရိယ ၊ နိုင်ငံတော်အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်များရ၊ ပြည်တွင်း/ပြည်ပ သာသနာပြုအကျော်"ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာ ၏ ဝိဇာတမွေးနေ့အဖြစ် မြို့နယ်အတွင်းရှိ လက်လုပ်လက်စား အိမ်ထောင်စု (၁၂၀၀)အား ဆရာတော်ဘုရားကြီး ကိုယ်တိုင်အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း အ​ပြင်ဆီ(၅၀)သားဘူး (၃၀၀)နှင့် ကြက်သွန်နီ တစ်ပိဿာအိတ် (၃၀၀)တို့အား မွေးနေ့အလှူအဖြစ် ကံစမ်းမဲဖောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)