အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2024
အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းစာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
Sep 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်း၌ ဆင်ယင်ကျင်းပသော နေ့/ည အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
Sep 10,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် တောင်ရပ်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
Sep 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မိသားစုစားဝတ်နေရေး ဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရောင်းချကာ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
Sep 10,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ ဒက္ခိဏစျေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign)နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီက မြို့မစျေးအတွင်းရှိ စျေးသည်များကို ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2024
၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ သုံးရက်တိုင်တိုင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်၍ ဒုတိယနေ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် ဝါသနာရှင်ပြိုင်ပွဲဝင်ပေါင်းများစွာ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
Sep 10,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ကျောင်းကုန်းမြို့နယ်၊ ဆိပ်ဖူးနီအုပ်စု၊ ဆိပ်ဖူးနီကြီးကျေးရွာ၊ အနန္တ ဂုဏ်ရည်‌ကျောင်းတိုက်၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်း (လွန်) (သာယာကုန်း) ကျောင်းနှင့် အခြေခံပညာအလယ်တန်း(ကံကလေး)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။