Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးနဲမြို့ အ.လ.က(မြို့မ)ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်သာမက ကျောင်းပတ်ဝန်းကျင်တွင်လည်း ပလတ်စတစ်စွန့်ပစ်အမှိုက်များကို စည်းကမ်းမဲ့မစွန်ပစ်ဘဲ စနစ်တကျ စွန့်ပစ်တတ်သော အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ “ထိန်းသိမ်းအစဉ် တို့ကျောင်းဝန်းကျင်”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် သုတဓမ္မဒီပလိုမာ Level-1 သင်တန်း ဖွင့်လှစ်ပို့ချ
Sep 10,2024
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင် ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆)လလျှင်(၁)ကြိမ်နှုန်းဖြင့် နှစ်စဉ်စာမေးပွဲ(၂)ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဒီဇင်ဘာလတွင်လည်း စာမေးပွဲကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲဖြေဆိုကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ရဟန်း၊ ရှင်၊ လူများအနေဖြင့် စာမေးပွဲအား လွယ်ကူစွာ ဖြေဆိုအောင်မြင်နိုင်ရေး Level(1)သင်တန်းအား ဘိုကလေးမြို့လယ်ကျက်သရေဆောင်၊ မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် ယမန်နေ့ကဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် အ.မ.က.ကျောင်းတွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 10,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းရပ်ကွက် အ.မ.ကကျောင်းတွင် ယနေ့နံနက် (၉) နာရီက စားသုံးသူရေးရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကွင်း…
Sep 10,2024
အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ စားသုံးသူများအား သက်သာသော ဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ သက္ကာယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်း၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး
Sep 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ကွင်းဆင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် အခြေခံစက်ချုပ်နည်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်
Sep 10,2024
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် အခြေခံစက်ချုပ်နည်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းမျက်မမြင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပ
Sep 10,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6916
Page
6917
Page
6918
Page
6919
Current page
6920
Page
6921
Page
6922
Page
6923
Page
6924
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department