အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2024
တာချီလိတ်မြို့၌ ယနေ့ နံနက် (၆) နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆၆) စင်တီမီတာသို့ ရောက်ရှိနေပြီး မိုးရေချိန်သည် (၂.၃၈) လက်မရှိကာ မိုးအဆက်မပြတ်ရွာသွန်း‌နေမှုကြောင့် ‌မယ်ဆိုင်ချောင်းရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
Sep 10,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော အမှိုက်သိမ်းယာဉ်များအား မြို့ပေါ်ရပ်ကွက်များသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဆမားဒူးဝါးရပ်ကွက်ရှိ ထွန်းလင်းအောင် သင်္ဘောလွန်းကျင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Sep 10,2024
ပဲခူးမြို့၌ စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးများလက်ကာ မိုးကြိုးပစ်ခတ်မှုများကြောင့် ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးဘုရားစေတီတော်၏ မြောက်ဘက်ခြမ်းရှိ ငှက်ပျောဖူးတော်အား မိုးကြိုးထိမှန်သွားခဲ့သည်။
Sep 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါနှင့် ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရသည်။
Sep 10,2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပမည့် (၁၀) ကြိမ်မြောက် အာရှ ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဝူရှူးအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြ ဒေါ်ဆွေဆွေသန့် ဒုတိယညွှန်ကြားရေးမှူးနှင့် အားကစားသမား(၅)ဦးတို့သည် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဉ်အမှတ် HM 352 ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
Sep 10,2024
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ ကြီးမှူးပြီး အပျော်စီးသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသားများအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်းအမှတ်စဉ်(၄)ကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။