ကရသူရိမြို့၌ ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရသူရိ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မိသားစုစားဝတ်နေရေး ဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရောင်းချကာ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

ခရမ်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချနိုင်ပြီး ကုန်းကျစရိတ် သက်သာသည့်အပြင် အချိန်တိုအတွင်း ဝင်ငွေရသည့်လုပ်ငန်းဖြစ်ကြောင်း၊ ခရမ်းစိုက်ပျိုးရာတွင် မျိုးစေ့မှတစ်ဆင့် ပျိုးထောင်ခြင်း၊ စိုက်ခင်းပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့စိုက်ပျိုးခြင်းစသည့်တို့ အသီးသီး ပြုလုပ်ရပြီး (၂)လအကြာတွင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ လက်ရှိခရမ်းသီး တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ရရှိကာ ‌ဒေသအတွင်းရှိ ဆိုင်များနှင့် စိုက်ခြံအရောက် လာဝယ်သူများအား ရောင်းချလျက်ရှိကြောင်း သိရသည်။

ခရမ်းအမျိုးအစား အများအပြားရှိပြီး ‌ဒေသနှင့်ကိုက်ညီသည့် ခရမ်းများဖြစ်သည့် ခရမ်းကျွတ်၊ ခရမ်းသီးစိမ်း၊ ခရမ်းရှည်ပင်၊ ရိုးရိုးခရမ်းတို့ကို စိုက်ပျိုးလျက်ရှိရာ အဆိုပါခရမ်းတို့ကို ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)