Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နာဂဒေသ လဟယ်မြို့တွင် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် သစ်ပင်လှဲပြီး အ.ထ.က ကျောင်းအုတ်တံတိုင်းနှင့်ဓါတ်အားလိုင်းမီးကြိုးပျက်ကျ
Sep 12,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လဟယ်မြို့ အထက်တန်းကျောင်းတွင် ကျောင်းခြံစည်းရိုးရှိ သစ်ပင်ကြီးများလဲပြို၍ ကျောင်းခြဲစည်းရိုးအုတ်တံတိုင်း (၁၀ပေ၊ ၇ပေ)ခန်း တခန်းပျက်စီးခဲ့ပြီး ကျောင်းရှေ့ရှိ လျှပ်စစ်ဓါတ်အားလိုင်းကြိုးများ ပျက်ကျခဲ့ကြောင်း သိရသည်။ ထို့နောက် လဟယ်မြို့ ဒေသရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အ၀င်လမ်း ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီကုန်းရှိ သစ်ပင်ကြီးလှဲပြီး ဒေသကော်မရှင်ရုံး အ၀င်လမ်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင်…
Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ နဝင်းချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့က အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာ ၁၁ ရွာမှ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံမျိုးစုံ (၄၅၆၉၄)ဧက စိုက်ပျိုးပြီးစီး
Sep 12,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံမျိုးစုံဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း (၄၅၆၉၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ကြွယ်ကန်ကျေးရွာအုပ်စု၊ ကြွယ်ကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
Sep 12,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးမြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် ကြွယ်ကန်ကျေးရွာအုပ်စု၊ ကြွယ်ကန်ကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်းပိုင်း၌ အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက် လမ်းနှင့်တံတားများ ပျက်စီးမှုဖြစ်ပွား
Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ် ကွန်ကရစ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၄)ကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ယာဥ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
Sep 12,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၀)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့ ဘေးမခအထူးကုနယ်လှည့်အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Sep 12,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က ဘေးမခ အထူးကုဆေးခန်းမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6895
Page
6896
Page
6897
Page
6898
Current page
6899
Page
6900
Page
6901
Page
6902
Page
6903
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department