အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယမန်နေ့ကစာရေးသူ “မောင်မင်းစိုး” ရေးသားထားသည့် “လူငယ်နဲ့အပြောင်းအလဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
Sep 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကဒွတ်ကျောင်း၌ ကျင်းပသည်။
Sep 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အုန်းနှဲကျေးရွာ အမှတ်(၁)အ.မ.က(မူလွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 11,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Sep 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ (၈) ရက်နေ့ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယနေ့နံနက် (၁)နာရီအချိန်ခန့်တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
Sep 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတပြည့်ဝစေရန်၊ ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အ.ထ.က(၆)ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၅၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးစုရပ်သတ်မှတ်ပြီး ရပ်ကွက်တာဝန်ရှိသူများပူးပေါင်း၍ နေ့ချင်းပြီးဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။
Sep 11,2024
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေး၊ ဉာဏ်ပညာမြင့်မား ရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီခွဲတွင် ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။