Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 12,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေး ပွဲတွင်ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သော ဆရာမများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မင်းလှအခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် ကျွဲနားထောက် အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ
Sep 12,2024
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနားထောက် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း၊ အမှတ်စဥ် (၂၂ ) သင်တန်းဆင်းပွဲကျင်းပ
Sep 12,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း၊ အမှတ်စဥ် (၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ် (၂) တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွား
Sep 12,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ငလိုက်ရေလှောင်တမံ ရေပိုလွှဲမှ ရေတစ်ပေခန့် စီးဆင်းလျက်ရှိ
Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်(အနောက်)ကျေးရွာရှိ ငလိုက်ရေလှောင်တမံရေပိုလွှဲမှ ယမန်နေ့နံနက် ၁၁ နာရီခန့်က ရေတစ်ပေခန့် စတင်စီးဆင်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေစိုလက်တံမြောင်းမှ ရေကျအဆောက်အအုံပြန်လည်ပြုပြင်ပေးသည့်အတွက် သီးနှံမျိုးစုံ(၃၈၄)ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ပြီဖြစ်
Sep 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့်မျိုးကောင်းမျိုးသန့်များ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနမှလည်း စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာနှစ်တွင် ရေစိုလက်တံမြောင်းမှ ရေကျအဆောက်အအုံပြန်လည်ပြုပြင်ပေးသည့်အတွက် သီးနှံ မျိုးစုံ(၃၈၄)ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်
Sep 12,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ငှက်ပျောစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ
Sep 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး ကျင်းပသော (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6898
Page
6899
Page
6900
Page
6901
Current page
6902
Page
6903
Page
6904
Page
6905
Page
6906
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department