ပင်းတယ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကိုအဓိကထားပြီး စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည့် ဒေသတစ်ခုဖြစ်သည်။ ယခုအခါ မြေပဲစိုက်ခင်းများ စတင်နုတ်ယူ ခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။
ပင်းတယမြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် ကဆုန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် နှုတ်ယူခူးဆွတ်ကြောင်း၊ ရရှိလာသည့် မြေပဲအား တောင်သူများအနေဖြင့် မိမိတို့မိသားစုအတွက် ဟင်းချက်ရာတွင် အသုံးပြုကြပြီး အချိုးကျ ပွဲစားလက်ဝယ်ထံသို့ ရောင်းချခြင်းဖြစ်ကြောင်း၊ ပင်းတယမြို့နယ်တွင် ယခုလက်ရှိ မြေပဲဆီ ၁၀ ပိဿာ တစ်ပုံးတွင် ကျပ် (၂၇၀,၀၀ဝိ/-)ရှိကြောင်းနှင့် ယခုနှစ်တွင် မြေပဲထွက်ရှိနှုန်း ကျဆင်းနေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)