အ.ထ.က (၂) ကန့်ဘလူ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၂၀

ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့၏အတွေးအမြင် ဗဟုသုတများကို အချင်းချင်းမျှဝေဆွေးနွေး ဖလှယ်တတ်စေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၈ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ထာဝရခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဆောင်ရွက်၍ အ.ထ.က (၂) မှ ကျောင်းသားကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အနုပညာ၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စရိတ္တနှင့် လူငယ်နှင့်ဘဝတန်ဖိုး စသည့်ခေါင်းစဥ်များအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက​ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်းနှင့်အဆိုပါအခမ်းအနားသို့ အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)