ရေတာရှည်မြို့နယ်၌ ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး ဖွင့်လှစ်

ရေတာရှည် စက်တင်ဘာ ၂၁

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေများလျှံတက်၍ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့်ရေဘေး ကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားရာသို့ အလှူရှင်များလာရောက်လှူဒါန်းရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် စိစစ်ကွပ်ကဲလမ်းညွှန်မှုပေးနိုင်ရန် ကွပ်ကဲမှုရုံးကိုယနေ့နံနက်(၉)နာရီအချိန်က စည်ပင်သာယာမြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါကွပ်ကဲမှုရုံးတွင် စီမံကိန်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်ဦးစီးဌာန၊ စာရင်းစစ်၊ သမဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ယာဥ်ကြီးကြပ်ရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)