ကြံခင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ချင်းမြောင်) တွင် "ဆေးလိပ်နှင့် ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်"ခေါင်းစဉ်ဖြင့်  စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကြံခင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ချင်းမြောင်)၌ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး " ဆေးလိပ်နှင့် ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်"ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ပြိုင်ပွဲကျင်းပရခြင်းအား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊  ကျောင်းသူများ  ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ ဆေးလိပ်ငွေ့ထဲတွင် ကင်ဆာဖြစ်နိုင်သည့် ဓာတုပစ္စည်းများစွာပါဝင်သောကြောင့် ဆေးလိပ်သောက်ခြင်းကို မပြုကြရန်၊ မူးယစ်ဆေးအစ ဆေးလိပ်ကဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ကြရန်နှင့် ယခုလိုစာစီကုံးပြိုင်ပွဲများကို ကျင်းပပေးခြင်းအားဖြင့် ဆေးလိပ် နှင့် ဆေးရွက်ကြီးအန္တရာယ်ကို ပိုမိုသိရှိနားလည်ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး၊  ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက်  စာစီစာကုံးပြိုင်ပွဲကိုကျင်းပခဲ့ရာ"ဆေးလိပ်နှင့်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ ၈၃ ဉီးဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု () နှစ်သိမ့်ဆု (များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်၊  ကျောင်းအုပ်ဆရာမကြီး အေးအေးမင်း၊ ကျေးရွာအုပ်ချုပ်ရေး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်နှင့် ဆရာ၊ ဆရာမတို့က အသီးသီးဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)