အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀)အချိန်က အ.ထ.က(ဆင်တဲ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပပြုလုပ်သော မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့၊ (အ ထ က-၁)ကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ငါးဆူတောင်)တွင်  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ ကအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးအထက်တန်းကျောင်း (ငါးဆူတောင်) ၌ ကျင်းပပြုလုပ်သည်။
Nov 19,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာ ၁၉ ရက်နေ့က ချောင်းဆုံအရှေ့ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မ(၂)ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများသိရှိစေရန်နှင့်  အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီက ဝယ်ကျိုက်(အ.မ.က)တွင် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ  ဆောင်ရွက်ခဲ့သည်။
Nov 19,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ယခုနှစ် ဆောင်းမြေပဲ ၅၁၄၁၀၁ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းမြေပဲ ၃၆၀၈၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
Nov 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်(HPV VACCINE) နှင့်(DT VACCINE)ထိုးနှံပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
Nov 19,2024
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးဧက ၄၂၅၈၈၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၁၀၅၃ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ကော့လှိုက်တောင်ကွင်းရှိ တောင်သူဦးကျော်ငယ်၏ ဗျော့ထွန်း (ဧည့်မထကောင်း) ၃ ဒသမ ၂၅ ဧက၌ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲမှ သိရသည်။