Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စစ်ဘေးရှောင် မိသားစုများအတွက် နေအိမ်အဆောက်အဦနှင့် စစ်ဘေးရှောင်အိမ်ရာလမ်း ပြုပြင်ဆောက်လုပ်မှု ကြည့်ရှုစစ်ဆ…
Nov 20,2024
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင်မိသားစုများအတွက် နေအိမ်အဆောက်အဦနှင့် စစ်ဘေးရှောင်အိမ်ရာလမ်း ပြုပြင်ဆောက်လုပ်မှုနေမှုအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် Mobile Training Bus ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ ဆိုင်ရာအသိပညာပေးဆွေးနွေ…
Nov 20,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ယနေ့နေ့လယ် (၁:၀၀)နာရီမှမွန်းလွဲ(၃:၁၅)နာရီအထိ မင်းနန္ဒာလမ်း၊ ဒေါပုံကော်ဇောဝန်းရှိ G&G Co.,Ltd နှင့် JDS Co.,Ltd များသို့ Mobile Training Bus ဖြင့် သွားရောက်ကာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့် အလုပ်သမားဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နှမ်း ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Nov 20,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်းဧက ၁၄၀၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရ…
Nov 20,2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကလေးသူငယ်များနှင့် မိဘများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများ စခန်းသွင…
Nov 20,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရီမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ စခန်းသွင်းလေ့ကျင့်နေသော ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အမျိုးသား/အမျိုးသမီး ဘောလီဘော၊ အမျိုးသား ဘတ်စကတ်ဘောနှင့် အမျိုးသား ဘိလိယက်နှင့်စနူကာ အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဖြည့်စွက်အားဖြည့်စာများ၊ ထောက်ပံ့ငွေများနှင့် အားကစား ပစ္စည်းများပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်
Nov 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းစွမ်းဆောင်ရည်ဆုနှင့် အောင်မြင်မှုရရှိခဲ့သော ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်
Nov 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီတွင် ကျင်းပပြုလုပ်ခဲ့သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိခဲ့သော ဌာနဆိုင်ရာအဖွဲ့အစည်းများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည်နယ်အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ အောင်မြင်အောင်ကြိုးစားဆောင်ရွက်ပေးကြသည့် ကျေးဇူးတင်ထိုက်သူ လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ကိုယ်စားအထူးပင် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုလိုပြည်နယ်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိခဲ့သည့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအားလုံးကို အထူးပင်မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6638
Page
6639
Page
6640
Page
6641
Current page
6642
Page
6643
Page
6644
Page
6645
Page
6646
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department