အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့မွန်းလွဲပိုင်းက အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 20,2024
ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနှင့်လူငယ်​ရေးရာ​ဟော​ပြောပွဲ၊ အားကစားသရုပ်ပြပွဲနှင့်အားကစားပစ္စည်းများ​ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)လသာ၊ ဗဟိုစံပြခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နိုဝင်ဘာ(၂၅)ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အကြိုအဖြစ် ဟောပြောပွဲ၊ ပုံ​ပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ က Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Nov 20,2024
ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Espace Hotel မှ အာမခံအလုပ်သမား ဦးမြင့်အောင်သည် ၉.၅.၂ဝ၂၃ ရက်နေ့တွင် အလုပ်တာဝန်ထမ်းဆောင်ရန်အလာတွင် Hotel ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် ၁၂၇၄၀၀၀/- ကျပ် ခွင့်ပြုထုတ်ပေးခဲ့ပြီး အမြဲတမ်းအသန်စွမ်းမှုအတွက် (၇)နှစ်စာငွေလုံးငွေရင်း ၆၅၅၂ဝဝဝ/- ကျပ်အား ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကိုယေန့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှုမှု့ဖူလူံရေးခန်းမ၌ ကျင်းပခဲ့ပါသည်။
Nov 20,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကိုလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားပြီး မော်လမြိုင်မြို့နယ်စာရေးဆရာမက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
Nov 20,2024
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သက်ဆိုင်ရာအားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များ၏ လေ့ကျင့်ပြင်ဆင်နေမှုများကို ယမန်နေ့ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Nov 20,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးလုပ်ငန်းများကို လူထုအခြေပြုဗဟိုဌာနများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် စာစီစာကုံး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁:၀၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 20,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကာကွယ်ရေး အသိပညာ​ပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြီးနီစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။