အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2024
ပဲခူးတိုင်း‌ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(အိုးဘိုကုန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ် ၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  အထက်၊ အလယ်အဆင့် စာစီစာကုံး၊  ကဗျာ ၊ ပန်းချီ ပြိုင်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၁၀ နာရီက. အ.ထ.က ကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ ပြုလုပ်သည်။
Nov 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တွင် ယခုနှစ်မိုးရာသီ၌ မိုးသီးနှံစုစုပေါင်း(၁၉၄၂၉၀)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးကော်မတီအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့က စျေးများအတွင်း ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စာဖတ်ရှိန်မြင့်တက်လာစေရန် မြို့နယ်မှစာရေးဆရာများနှင့် ကျောင်းသားလူငယ်များပါဝင်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။
Nov 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ “မရှိ၍မလင်းသူမရှိစေရ” အစီအစဥ်ဖြင့် မျက်စိရောဂါအခမဲ့စမ်းသပ်ကုသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာ ထန်းပင်မြစ်ပျိုးထောင်ရောင်းချသူ ဦးစံကြည်ထံကသိရ သည်။
Nov 19,2024
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပါရဂူခန်းမ၌ ကျင်းပပြုလုပ်သည်။