အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ-ထ-က(ဘုတ်ပြင်း)ကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြူလွိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 19,2024
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံအားပေး၍ အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Nov 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 19,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်မှုအရ သရက်ခရိုင် သရက်မြို့နယ်အတွင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းများက ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါများအကြောင်း သရက်မြို့ပေါ်ရှိ ရပ်ကွက်(၈)ရပ်ကွက်တွင် ကျောင်းကျန်းမာရေးဌာနနှင့် မြို့မကျန်းမာရေးဌာနတို့ ပူးပေါင်း၌၍ မြို့ပေါ်ရှိ အခြေခံမူလတန်းကျောင်း(၇)ကျောင်း မြို့နယ်အတွင်းရှိ ကျေးရွာ (၃)ရွာတို့တွင် ပြည်သူလူထုနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၁၅)ရက်နေ့ နံနက်(၁၀)နာရီက  အောင်သီရိမူလတန်းကျောင်းတွင် ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါ နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Nov 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၂) နာရီအချိန်က ပင်လုံမြို့ အ​ခြေခံပညာအလယ်တန်းကျောင်း ကျူရုံး(မြို့)သို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။
Nov 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် မိုးသီးနှံအဖြစ် နှမ်း၊ မြေပဲတို့နှင့် တစ်ချိန်တည်း စိုက်ပျိုးခဲ့ကြသည့် ပဲစင်းငုံသီးနှံများ အသီးအပွင့်ဝေဝေစာစာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပြီး၊ သီးနှံခုတ်သိမ်းချိန်နီးပြီဖြစ်၍ ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြကြောင်း သိရသည်။