အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန်နှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်ရေး ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှသိရသည်။
Nov 20,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူးနှင့်တပ်ဖွဲ့ဝင်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊​ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ​မှတ် (၁၀) ရပ်ကွက်၊ ပတ္တမြားရပ်ရှိ အခြေခံပညာမူလတန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ခလရ-၆၆) ကျောင်းတွင် (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့​ပါသည်။
Nov 20,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက သိန်တန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းသပြေဆောင်ခန်းမတွင် စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာအုပ်စု၊ လာကပုံကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ သိရှိနာလည်နိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ အချိန် အ.မ.က(မူလွန်)ကျောင်းတွင် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Nov 20,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။