အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 22,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်း၊ ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာသင်တန်း၊ မဟာ(ဥပဒေ)သင်တန်းနှင့် စာကြည့်တိုက်နှင့်သုတပညာဒီပလိုမာသင်တန်း စသည့် နေ့သင်တန်းအသီးသီးတို့၏ ပထမပညာသင်စာသင်ကာလနှင့် ဒုတိယပညာသင်စာသင်ကာလများကို နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ကြောင်းနှင့် သင်တန်းနှစ်အသီးသီးတို့၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၂၃ ရက်နေ့မှ စတင်၍ ဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Nov 22,2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင်ရောက်ရှိမည့် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 22,2024
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ Polytechnic University (Kyaing Tong)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဖဲကိုးဖြတ်ဖွင့်လှစ်ပေးပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ​ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က Polytechnic University (Kyaing Tong) ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
Nov 22,2024
ကျောင်းသား၊‌ ကျောင်းသူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်း‌စေရေးနှင့်ယာဉ်မတော်တဆမှုများ ကျဆင်း‌စေရန်ရည်ရွယ်၍ အမှတ်(၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 22,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှု ရှိ၊မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး ဦးဆောင်၍  ငွေမြင့်မိုရ်နှင့် စိန်သရဖူ ပဲကြော်လုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေး​ခဲ့​ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့တွင်ကျရောက်မည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် အသိပညာပေးလုပ်ငန်းများဖြစ်သောဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။