အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2024
‌ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် (၁၀) နာရီက (၁၀၄) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Nov 22,2024
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲ‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ၊ ရသစာအုပ်/စာစောင်များ ခင်းကျင်း ပြသခဲ့သည်။
Nov 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို နိုဝင်ဘာလ (၅) ရက်မှစတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
Nov 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာနှင့် ကွမ်းသီးကို အများဆုံးစိုက်ပျိုးကြပြီး ရေဖြူမြို့နယ်မှ ထွက်ရှိသောကွမ်းသီးများကို ရေဖြူနှင့် ထားဝယ်ရှိ ပွဲရုံရှင်များက အဓိကဝယ်ယူကြကာ ရန်ကုန်နှင့် မန္တလေးမြို့များသို တင်ပို့ရောင်းချပြီး ရာသီစချိန်တွင်ပင် ‌ဈေး‌ကောင်းရရှိနေကြောင်း သိရသည်။
Nov 22,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရနေစေရန်၊ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ယှဉ်တွဲပေါ်ပေါက်လာသော အမျိုးသားအောင်ပွဲနေ့အကြောင်း လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ ပဉ္စမာရဇိံ ဆုတောင်ပြည့်ရွှေသာလျောင်းဘုရားကြီးတန်ဆောင်တွင် ရောင်းချပေးကြသည်။
Nov 22,2024
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အဆိုပါမြို့နယ်ရှိ အ.လ.က -၂၂ ကျောင်းခန်းမ၌ ကျင်းပသည်။