အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2024
ဧရာဝ‌တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးများကို အခြေခံပညာ မူလတန်းကျောင်းနှင့် ဘုန်း‌တော်ကြီးသင် မူလတန်းကျောင်း စုစုပေါင်း (၂၅၇) ကျောင်းတို့တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိသည်။
Nov 22,2024
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပညာ​ရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ယမန်​နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ​မြင့်ထွန်းရေးသားသော ​ကမ္ဘာ​ကျော်သူ​တွေရဲ့အ​ကြောင်း​တွေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
Nov 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အ.လက(ကံကြီး)တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 22,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။