အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ Quick Win အစီအမံငါးရပ်အား တိကျစွာလိုက်နာနိုင်ရေး ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၌ ဆောင်ရွက်သည်။ 
Nov 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သန့်ရှင်း၍စိမ်းလန်း စိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အကော်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့နံနက်ပိုင်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသော ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအား ခရိုင်အဆင့် လုပ်ငန်းစီစစ်ရေးအဖွဲ့မှ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နိုဝင်ဘာလ(၂၅)ရက်‌နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက်၊  အမျိုးသားအောင်ပွဲနေ့ကို  ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ကျောင်းသား/သူများအား အသိပညာပေးစာအုပ်/ စာစောင်များနှင့် နံရံကပ်ဘုတ်များ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ကျွန်းစုမြို့၊ မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လက်ဝဲစုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (VDP) စီမံကိန်းဖြင့် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးပြီး အဆင့်မြင့်တင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Nov 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့်လိုက်နာဆောင်ရွက်ရေး စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပလောက်မြို့၊ ဗဟိုလမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။
Nov 22,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပသည်။
Nov 22,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်ကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေအထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။