အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2024
ပွင့်လင်းရာသီတွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုများပြားသည့်အတွက် ခရီးစဉ်ဒေသများနှင့်တည်းခိုနေထိုင်ရန်နေရာများ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စီစဉ်ဖန်တီးပေးကြရန် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင်ကျင်းပသည့် (၉/၂၀၂၄)ကြိမ်မြောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Nov 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြ‌သည့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥ စသည်တို့အား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့သည်။
Nov 21,2024
နည်းပညာရပ်များအသုံးချ၍ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အကျိုးပြုနိုင်ပြီးဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပညာရှင်များမွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ရန်မျော်မှန်းချက်ဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်(ထားဝယ်) Polytechnic University(Dawei) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၌ ကျင်းပခဲ့သည်။
Nov 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ (၁၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသား/ ကျောင်းသူလေးများ အမျိုးသားရေးစိတ်ဓါတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် (၁၁) နာရီက ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုဝင်ဘာလအတွက် ပင်စင်လစာငွေများကို ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ ယနေ့နံနက် (၅) နာရီခွဲအချိန်က စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။