Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့နယ်အဆင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကကြီးမှူး၍ ရွေဒါးကျေးရွာရှိ အမှတ် (၈)အထည်ချုပ်စက်ရုံတွင် အမျိူးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး ထီးတော်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Nov 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက်သားသမီးများမှ တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို အသစ်ပြန်လည်တည်ထား ကိုးကွယ်လျက်ရှိရာ စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံမှုများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ထီးတော်တင်မင်္ဂလာ အခမ်းအနားကို ၁၃၈၆ ခုနှစ် နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွမှုနှင့်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်…
Nov 28,2024
ကရင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားခရီးစဉ်ဒေသများ၌ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ရရှိစေရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေး၊ ခရီးသွားပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 28,2024
ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ပြည်သူတို့၏အသက်နှင့်လူမှုစီးပွား ထိခိုက်ဆုံးရှုံးမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကရင်ပြည်နယ် ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ် ပန်နော်လောင်းကျေးရွာ၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော
Nov 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းကာ(အရှေ့)ကျေးရွာအုပ်စု၊ ပန်နော်လောင်းကျေးရွာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့လက်မှုအနုပညာ ပုဂံဒေသထွက်ယွန်းထည်ပစ္စည်း အရောင်းအဝယ်ပါးသော်လည်း လုပ်ငန်းရှင်များပုံမှန်လုပ်ကိုင်
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်း ထုတ်လုပ်မှုအရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်သား၊ ယွန်းအလုပ်/သမများအဆင်ပြေစေရန် ယွန်းလုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့သစ် မြင်းကပါရပ် ယွန်းလုပ်ငန်းရှင်များထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲ ဆောင်ရွက်
Nov 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်ပညာရေးတို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီက သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်(၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ Steel Structure စာသင်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေး
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်(၆၀x၃၀)ပေ Steel Structure စာသင်ကျောင်းဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6564
Page
6565
Page
6566
Page
6567
Current page
6568
Page
6569
Page
6570
Page
6571
Page
6572
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department