အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသည့် တစ်ပိုင်တစ်နိုင် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့အနက်မှ စီးပွားအဖြစ်စိုက်ပျိုးသည့် ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများကို ယခုဆောင်းရာသီ၌ အောင်မြင ဖြစ်ထွန်းနေလျက်ရှိသည်။
Nov 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု အ.ထ.က.(ခွဲ) ရွာသစ်တွင် ကျင်းပသည်။
Nov 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့က အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 29,2024
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နေလယ် (၂) နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာရှိ ဥစားကြက်မွေးမြူထုတ်လုပ်သူ ဒေါက်တာကျော်ဇင်ထွန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိကာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Nov 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ကြကြောင်း သိရသည်။
Nov 29,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပသည်။
Nov 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနက အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ယနေ့ခေတ် ကျောင်းသားလူငယ်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန်  အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အစီအစဉ်များကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။