အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၂-၁၁-၂၀၂၄ ရက်နေ့နံနက် (၇)နာရီတွင် မှော်ဘီအမှတ် ၄ လမ်းဆုံတွင် မှော်ဘီတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းအောင် ဦးစီးအဖွဲ့(၅)ဦးနှင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဦးပါ ၄ ဦးတို့မှ ဆိုင်ကယ်(၁၅၀)စီးအား ယနေ့နံနက်(၉)နာရီအချိန်တွင် မှော်ဘီမြို့နယ် မြို့ချောင်းတိုးဂိတ်အနီး ပြည်လမ်းမဘေးတွင် ယာဉ်ထိန်းတပ်ဖွဲ့စု ၆၄ မှော်ဘီမှဒုရဲအုပ် ဆန်းလင်းဦးစီးတပ်ဖွဲ့ဝင်(၃)ဦးတို့မှ ဆိုင်ကယ်စီးနင်းသူ(၂၀)ဦးတို့အား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့​သည်။
Nov 27,2024
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့် လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၂-၁၁-၂၀၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီက မြန်မာ့ဆန်စပါးသုတေသနရုံးခန်းမ၌ ကျင်းပသည်။
Nov 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ထီးတန်းခန်းမ၌ ၂၅-၁၁-၂၀၂၄ နေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 27,2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။
Nov 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ်(၂၉၂)၊ တောင်သူဦးစောထွေး၏ မိုးစပါးဧရာမင်း စပါးမျိုး ၅ ဧက၌ ယနေ့နံနက် ၈ နာရီက ၆ ဒသမ ၆ ပေပတ်လည် စံကွက်ရိပ်သိမ်းရာ တစ်ဧက ပျှမ်းမျှအထွက်နှုန်း စပါးအစို (၈၉)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဈေးများတွင် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် ယမန်နေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ် (၅) ရပ်ကွက်ရှိ ရန်ကင်းမြို့မဈေးမီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။