Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်
Nov 29,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး MSME Agencyမှ ကြီးမှူး၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းများအတွက် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က တောင်တွင်းကြီးမြို့၊ သာသနာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပနိုင်ရေး မန်းရွှေစက်တော်ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ
Nov 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်းရွှေစက်တော်ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ငရုတ်သီးနှံများ တိုးချဲ့စိုက်ပျိုး
Nov 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စပါး၊ ပဲမျိုးစုံနှင့် နှမ်း၊ နေကြာ၊ ဝါသီးနှံများကို အလှည့်ကျစိုက်ပျိုးကြပြီး စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ယခုနှစ် စိုက်ပျိုးရာသီတွင် ဧက ၂၄၁၁ ဧက လျာထားကာ ၂၈၆၆ ဧကအထိ တိုးချဲ့စိုက်ပျိုးထားကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်လင်းရာသီရောက်လာသဖြင့် မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများဖြင့် စည်ကား
Nov 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ပွင့်လင်းရာသီရောက်လာသဖြင့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံ-တာဆန်းသွား ဗေလီနှစ်လွှာတစ်ထပ်တံတား ပြန်လည်တည်ဆောက်လျက်ရှိ
Nov 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မိုင်းတုံ-တာဆန်းသွားလမ်း၌ ဗေလီနှစ်လွှာတစ်ထပ်တံတား ပြန်လည်တည်ဆောက်လျက်ရှိကြောင်း တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အသက်(၈၀)နှစ်အထက် အဘိုး/အဘွားများ၊…
Nov 29,2024
ရှမ်းပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အသက်(၈၀)နှစ်နှင့်အထက်အဘိုး/အဘွားများ၊ မသန်စွမ်းသူနှင့် ကိုယ်ဝန်ဆောင်မိခင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြို…
Nov 29,2024
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်း(ရွာတော်)သို့သွားရောက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်မှ ခရစ်ကတ်၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဂျူဒို၊ ပြေးခုန်ပစ်၊ ဗိုဗီနမ်နှင့် ဝူရှူးအားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၏ တည်းခိုဆောင်များတွင် တွေ့ဆုံအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ရပ်ကွက်နေပြည်သူများထံ စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေး
Nov 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ် အမှတ်(၁)ရပ်ကွက်နေ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6561
Page
6562
Page
6563
Page
6564
Current page
6565
Page
6566
Page
6567
Page
6568
Page
6569
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department