Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးမျာ…
Dec 02,2024
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေး များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Dec 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသထွက် တောင်ယာငရုပ်သီးများ ဈေးကောင်းရရှိ
Dec 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ တောင်ယာခင်းများတွင် ငရုပ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ငရုပ်သီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day) အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်ပိုင်းအချိန်က အေအိုင်ဒီအက်စ်ကင်းဝေးစေရန် အသိပညာပေးလက်ကမ်းစာစောင်နှင့် ကွန်ဒုံးများကို မြို့နယ်အတွင်းဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Dec 02,2024
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲကြော်၊ ပဲလှော် လုပ်ငန်းများအတွက် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ ဆွေးနွေးပွဲမှသည် သန့်ရှင်းသောလုပ်ငန်းခွင်ဆီသို့
Dec 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မကွေးတိုင်းဒေသကြီး MSME Agency မှ ကြီးမှူး၍ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် ပဲကြော်၊ ပဲလှော် လုပ်ငန်းများအတွက် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ ဆွေးနွေးပွဲ ကို နိုဝင်ဘာလ(၂၈)ရက်က တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမာန်တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်-
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး
Dec 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းတို့က နိုဝင်ဘာ ၂၅ ရက်နေ့ မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ထိ ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ဆိတ်မွေးတောင်သူများအား ရာဂီမုန်တိုင်းကြောင့် ရေနစ်သေဆုံးသွားသည့် ဆိတ်များအစား နိုင်ငံတော်မှ ဆိတ်များ ပြန်လည်ထောက်ပံ့ပေး
Dec 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေနစ်သေဆုံးသွားသည့် ဆိတ်များအစား နိုင်ငံတော်မှ ဆိတ်များ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အဆိုပါ ဆိတ်မွေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဘစီ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဌေးထိုက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနော်ရထာရပ်ကွက် ဘုရင့်နောင်ရပ်ကွက်နှင့် မြဝတီရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6541
Page
6542
Page
6543
Page
6544
Current page
6545
Page
6546
Page
6547
Page
6548
Page
6549
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department