အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ၊ ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မာကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားလမ်း ကတ္တရာ(အေစီ)လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Dec 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းနေကြာ (၁၀)ဧကသီးသန့်စံပြကွက် စိုက်ပျိုးပွဲကို ရေကြည်ကျေးရွာအုပ်စု၊ ကွင်း/ဦးပိုင်အမှတ် ၁၉၆/N၃၀၊ တောင်သူဦးကျော်ဝင်းစိန်၏ လယ်မြေပေါ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။    
Dec 02,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းတွင်းအာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်​နေ့ မွန်းလွဲ ၁ နာရီက အိုက်ငို့ကျေးရွာအုပ်စု၊ ဟာကြားဟုန်ကျေးရွာခန်းမ၌  မီးခိုးမြူ​ငွေ့ကင်စင်​ရေး၊ တောင်ယာ၊ တောမီးရှို့ခြင်းများမပြုလုပ်​စေ​ရေး  အသိပညာ​ပေး​ဆွေး​နွေးပွဲကို ကွင်းဆင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Dec 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်ရှိ ဒဂုံရွှေပြည်ဈေး(အမှတ်၃၀)ဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း၊ ဈေးအတွင်းလှည့်လည်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာ‌ရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Dec 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု၊ သက္ကယ်ဆိပ်ကျေးရွာရှိ တောင်သူဦးသောင်းချစ်၏ ကွင်းအမှတ်(၇၂၃)၊ ဦးပိုင် (၅၉/က)မှ စိုက်ဧက (၈)ဧက မျိုးစေ့ထုတ်စိုက်ခင်းတွင် ယမန်နေ့နေ့လယ်၌  မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပဆောင်ရွက်သည်။
Dec 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံးပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ကျုံပျော်မြို့မဈေးအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို  ယနေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။