မြောင်းမြ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက မြောင်းမြမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားကာ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်သူနာပြုသင်တန်းကျောင်းများသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား လမ်းညွှန်မှာကြားမှုများဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများသည် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာအထူးကုဆေးရုံများတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)