Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယုမြို့၌ အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ် တပ်မှူးဖလား ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Dec 11,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်ရင်း၏ တပ်မှူးဖလား ဖူဆယ်အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်ခြင်းများ ဆောင်ရွက်
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်း ဦးဆောင်၍ ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ဖြင့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်နှိပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ကော့သောင်းမြို့ရှိ လူစည်ကားရာ နေရာများဖြစ်သည့် မြို့မစျေးကမ်းနားလမ်း၊ မီးသတ်လမ်းဆုံ၊ အဝိုင်းပတ်၊ နန္ဒဝန်စျေး စသည့် နေရာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ သံသတ်စမ်းကျေးရွာနှင့်ညောင်ပင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Dec 11,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီခရိုင်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မာစေရေး လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြော
Dec 11,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ ယမန်နေ့က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပြိုင်ပွဲကျင်းပ
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြော၊ ကဗျာရွတ်၊ ပြိုင်ပွဲကျင်းပကို ယမန်နေ့ နေ့လယ်ပိုင်းကမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ဟောပြောပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်း
Dec 11,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော ဖာလာ၊ ကော်ဇီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့် နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျောသီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ငှက်ပျောသီးများကို တစ်နှစ်လျှင် (၃) ကြိမ် ခုတ်ယူနိုင်ပြီး ယခုလတွင် သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအား ကျဆင်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6455
Page
6456
Page
6457
Page
6458
Current page
6459
Page
6460
Page
6461
Page
6462
Page
6463
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department