ဖြူး ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်၍ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၁၂၇)ရှိ ယောဂီသူတော်စင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်ကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေး၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်ဒေါ်စိုးလတ်မီ၊ ဒုတိယတိုင်းရင်းဆေးမှူးများဖြစ်သော ဒေါ်တင်နွယ်ဝင်း၊ ဒေါ်ဇင်မင်းထွန်းနှင့် ဆရာ/ဆရာမများက မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် တရားစခန်းဝင်ရောက်နေသည့် သံဃာ(၁၀)ပါး၊ သီလရှင်(၃)ပါးနှင့် အမျိူးသား၊ အမျိုးသမီးယောဂီ(၆၅)ဦးအား သွေးပေါင်ချိန်တိုင်းတာပေး၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)