တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်းအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ ဇွန်  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ၂၁ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်က  တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်မွန်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ‌ကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ITအကြံပေး ဦးဋ္ဌေးလင်းက အားကစားနှင့်လူငယ်‌ရေးရာ အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့လက်ရွေးစင်ဟောင်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုများရှင် ဒေါ်ဝင်းမော်မှ လူငယ်များအားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားကို ကြိုးစားသင်ယူလေ့လာလေ့ကျင့်သင့်ကြောင်းအသိပညာ‌ပေးဟောပြောသည်။ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက ကျောင်းသား၊ ကျောင်းသူများ  အသိအမြင်ကြွယ်ဝ‌‌စေရန်အတွက် အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာရန်နှင့် ပညာကိုကြိုးစား‌သင့်ကြောင်းစသည်ဖြင့် ဟော‌‌ပြောသည်။ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်အေးမြင့်ဋ္ဌေးက ခြင်မှတဆင့်ကူးစက်‌နိုင်မည့်ရောဂါများအကြောင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်း ကျန်းမာရေးအသိပညာပေး ရှင်းလင်းဟောပြောသည်။

ထို့နောက် တောင်ဥက္ကလာပမြို့နယ် အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်မှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်မှ လက်ခံရယူခဲ့သည်။ ဆက်လက်၍သရုပ်ပြအဖွဲ့က Fitness Dance အားကစားနည်းဖြင့် သရုပ်ပြတင်ဆက်ရာ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးအိစံမှ သရုပ်ပြအဖွဲ့အား ဂုဏ်ပြုငွေ‌ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ‌ကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ITအကြံပေး ဦးဋ္ဌေးလင်း၊  တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်မိုးအိစံ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး‌‌ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။‌ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်ပြသထား‌သော နံရံကပ်‌စာ‌စောင်များနှင့် စာအုပ်/စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)