၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ  

ထန်းတပင် ဇွန် ၂၃

၂၀၂၄ ခုနှစ်၊  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းကလည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျောင်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

သစ်ပင်များ စိုက်ပျိုးရာတွင်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများက မန်ဂျန်ရှား (၁၃၂)ပင်၊ ခရေ (၁)ပင်၊ ပျဉ်းကတိုး(၁)ပင်နှင့် မဟောဂနီ(၁)ပင် စုစုပေါင်း ပျိုးပင် (၁၃၅) ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။

သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက် တည့်တံ့ရေး၊ သက်ရှိ လူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတု ပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲတော်ကိုလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)