အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်( ၂) ရပ်ကွက်၊ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်များကို သတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိအား ဌာနဆိုင်ရာများမှ  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 25,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
Jun 25,2024
မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီး၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲနှင့် ကန်လှကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်၏ သက်တော် (၅၇)နှစ်ပြည့် ဝိဇာတမွေးနေ့ ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်‌နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။
Jun 25,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ရပ်ကွက်၊ ၃၈ လမ်း၊ ၅၂×၅၃ လမ်းကြားရှိ ICON KTV တွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့မှ ယမန်နေ့နေ့လယ်(၁း၀၀)နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။