အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင်  မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက်  ၈ နာရီက စမ်းကလေးကျေးရွာ အမှတ်(၁) ခရိုင်ချင်းဆက်လမ်းဘေး၌ ကျင်းပခဲ့သည်။
Jun 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ကျင်းပသည့် စုပေါင်းဈေးရောင်းပွဲတော်ကို မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးဝင်းအတွင်း၌ ၈ ရက်တိုင်တိုင်ကျင်းပခဲ့ရာ ဈေးရောင်းပွဲတော် နောက်ဆုံးနေ့အဖြစ် ယမန်နေ့ညပိုင်းက လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
Jun 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲကို ဇွန် ၂၅ ရက်က အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 25,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ဘိုးကျေးရွာအုပ်စု ကွင်းအမှတ်(၅၆၇)ကွင်း၊ ဦးပိုင်အမှတ် (၅၄/၁)၊ ဧရိယာ(၁.၉၇) ဧကရှိ တောင်သူ ဦးဇော်မင်း၏  လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော နွေစပါး (ရွှေသွယ်ရင်) စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jun 25,2024
လားရှိုးမြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားများ၏ စုဆောင်းငွေအတိုးများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်နာရီအချိန်က လေးထောင့်ကန်ရပ်ကွက်၊ ရိပ်သာလမ်းအတွင်းရှိ အိမ်ထောင်စုများထံသို့ သွားရောက်၍ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆေးစိပ်ခြင်ထောင်များ ထောက်ပံ့ပေးခြင်းများကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။