မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ရပ်ကွက်တွင် မီးလောင်းမှုဖြစ်ပွား

မဟာအောင်မြေ  ဇွန်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ရပ်ကွက်၊ ၃၈ လမ်း၊ ၅၂×၅၃ လမ်းကြားရှိ ICON KTV တွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အ ခန်းနံပါတ်(110)၊ (၁၅×၁၅) ပေ အခန်းအတွင်း မျက်နှာကျက်တွင်တပ်ဆင်ထားသော LED လေဆာမီးစလိုက်ပုံးနှင့် Control Box သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀) ဦး၊ စုစုပေါင်း(၃၅)ဦး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း (၆) စီး၊ ရေဂါလံ (၅၀၀)ဂါလံခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် အခန်းအတွင်းမျက်နှာကျက်၊ ဘေးအကာအထပ်သားနှင့် ဝါယာကြိုးအနည်းငယ် မီးလောင်ကျွမ်းခဲ့ ပျက်စီးခဲ့ကြောင်းနှင့် လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

အောင်ဇော်မင်း