အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲသတိတရရှိစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့မွန်းလွဲ ၃နာရီခွဲက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
Jul 11,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေး(၂/၂၀၂၄)ကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
Jul 11,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၇ နာရီအချိန်က အသုံးအဆောင်ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာရရှိစေရန်နှင့် စာအုပ်စာစောင်များအား လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် လာဝတီကျေးရွာသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာစံညီစာကြည့်တိုက် (၁၂)တိုက်အား နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ မိသားစုမှ မေတ္တာလက်ဆောင်လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၅)တွဲစာအုပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် လှူဒါန်းသော စာအုပ်များအား ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲကို  ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိလူထုအ‌ခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 11,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့ ဝင်ရောက်မှုကြောင့် တောင်သူများစိုက်မျိုးထားသည့် သီးနှံများ ပျက်ဆီးမှုရှိကြောင်း သိရသည်။
Jul 11,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မန္တလာတက္ကသိုလ်တွင် ယနေ့နံနက် ၁၀ နာရီချိန်ကစတင်ပြီး လာမည့်ဇူလိုင် ၂၅ ရက်နေ့တွင် ကျင်းပမည့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုအဖြစ် ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။