လေးမျက်နှာ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.လ.က လေးမျက်နှာကျောင်းနှင့် အ.ထ.က လေးမျက်နှာကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေချိန်တွင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အစရှိသည်တို့ ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက်စရန် ဟောပြောဆွေးနွေးပြီး လက်ကမ်းများဖြန့်ဝေပေးခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာမှ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)