အမြို့မြို့အနယ်နယ်သတင်းများ

Aug 09,2024
မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/ ၂၀၂၄) ကို သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သက်သာသောဈေးနှုန်းများဖြင့် စက်သုံးဆီများ ဖြန့်ဖြူး‌ရောင်းချနိုင်ရေးအထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်သုံးဆီမှာယူမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပြီး စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးတင်သွင်းလာမည့် စက်သုံးဆီများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံဆီတင်သွင်းကာ သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
Aug 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တိရစ္ဆာန်အစာပေါများစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် နွားမွေးမြူသူတစ်ဦး၏ နွားခြံ၌ ကောက်ရိုးကို ယူရီးယားဖြင့်ပြုပြင်ခြင်းသရုပ်ပြပွဲကို ဩဂုတ်လ ၇ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Aug 09,2024
မွန်ပြည်နယ်အစိုးရအဖွဲ၏စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သြဂုတ်  ၇ ရက်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ 
Aug 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Aug 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ငွေရောင်ရွှန်းအားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းဆောင်ရွက်သော ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၇ ရက်နေ့ ညနေ၄နာရီက နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ Eleven Fustal ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ဘာသာရပ်ဆိုင်ရာဟောပြောပွဲကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဩဂုတ် ၆ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ကျင်းပခဲ့သည်။
Aug 09,2024
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။