နမ့်စန်တွင် ကလပ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ

နမ့်စန်() ဩဂုတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ငွေရောင်ရွှန်းအားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းဆောင်ရွက်သော ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၇ ရက်နေ့ ညနေ၄နာရီက နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ Eleven Fustal ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် နောက်ဆုံးဗိုလ်လုပွဲအဖြစ် Q-2KFC ဘောလုံးအသင်းနှင့်် LION  KING ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ Q-2K FC ဘောလုံးအသင်းက (၈)ဂိုး (၆)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ထို့နောက်ဆုပေးပွဲကိုဆက်လက်ကျင်းပခဲ့ရာ ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော TERCEL FC အသင်း၊ ဒုတိယဆုရရှိသော LION KING FC အသင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်းဆုဆွဲပြားများနှင့်ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပထမဆုရရှိသွားသော Q-2KFC ဘောလုံးအသင်းကို ငွေရောင်ရွှန်းအားကစားပစ္စည်းအရောင်းဆိုင်မှ Sports မန်နေဂျာက တစ်ဦးချင်းဆုဆွဲပြားများကို ချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်မိုးက ဆုငွေ (၅)သိန်းကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နမ့်စန်(ပြန်/ဆက်)