ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ဘာသာရပ်ဆိုင်ရာဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ဘာသာရပ်ဆိုင်ရာဟောပြောပွဲကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဩဂုတ် ၆ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်၊ ပါမောက္ခချူပ်ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါက်တာဒေါ်မြင့်ကြည်၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း)က “Different Electoral Voting Systems” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ဒဂုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းစန်းလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဒဂုံတက္ကသိုလ်ပါမောက္ခချူပ်ဒေါက်တာဝင်းဝင်းသန်းနှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ပါမောက္ခ/ဌာနမှူးဒေါက်တာခိုင်ခိုင်ထွန်းမြင့်တို့က ဟောပြောပေးခဲ့သော ဆရာမကြီးဒေါက်တာဒေါ်မြင့်ကြည်အား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ (ပြန်/ဆက်)