အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မဲဇလီ-ဒလကျေးရွာရှိ စိမ်းလဲ့မြေဆန်စက်၌ ဆောင်ရွက်ခဲ့သည်။
Dec 31,2024
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း(၁)ရက် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် ယမန်နေ့ နံနက် ၉ နာရီတွင် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အထိမ်းအမှတ်အဖြစ် ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင် ဘ/ကတွဲဖက်အထက်တန်းကျောင်းအားကစားကွင်း၌ အားကစားပြိုင်ပွဲများကျင်းပခဲ့သည်။
Dec 31,2024
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်၏မြို့တော်ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Dec 31,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဓာတ်ပုံဝန်ထမ်းများနှင့် သတင်းရေးဝါသနာပါသောဝန်ထမ်းများ သတင်းရေးသားရာတွင် နည်းစနစ်မှန်ကန်စေရန်၊ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားသည့်သတင်းရေးသား နည်းသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း ရည်ရွယ်ချက်များကိုပြောကြားပြီး သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
Dec 30,2024
အများပြည်သူရုံးပိတ်ရက်များတွင် ပြည်သူများ လွတ်လပ်စွာ ပျော်ရွှင်နိုင်ရေးအတွက် ပန်းခြံများ သန့်ရှင်းသပ်ယပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာ တရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ပန်းခြံများနှင့် ကစားကွင်းများအား ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 30,2024
(၈၇)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဟုန်စံစီခန်းမ၌ ကျင်းပပြုလုပ်ရာ နာယကဆရာတော်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
Dec 30,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်/လူပျိုဆောင်များ ဆောက် လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 30,2024
ကချင်ပြည်နယ်အတွင်း အတူတကွ ပေါင်းစည်းနေထိုင်ကြသော ကရင်တိုင်းရင်းသားတို့၏ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက် ၆ နာရီက မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။