Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Dec 31,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လွတ်လပ်ရေးနေ့ကို တန်ဖိုးထားမြတ်နိုးပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို အခြေခံပညာကျောင်းများအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်ကြီးချမ်းသာမဟာစေတီတော်ကြီး (မြို့ဦးစေတီ)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ကြီးချမ်းသာမဟာ စေတီတော်ကြီး (မြို့ဦးစေတီ)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ)၊ တောင်ဘက်စောင်းတန်းတွင် ယမန်နေ့ညနေ (၅)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးပြိုင်ပွဲကျင်းပ
Dec 31,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် ကီလိုမီတာ ၁၀၀ ခရီး ရှည်မြင်းစီးအားကစားပြိုင်ပွဲဖွင့်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီခွဲအချိန်က မြကန်တမံတောင်ဘက် Tuyin Valley Eco-Farm တွင်စတင်ကာ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲတာလွှတ်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပ
Dec 31,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မင်းဘူးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာမှ ကြီးမှူးကျင်းပသော လူငယ်ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ကျောက်တန်းကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာ Solar…
Dec 31,2024
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာ Solar Mini-Grid မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 31,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိဒေသခံပြည်သူများ ပွင့်လင်းရာသီမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က စကုမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကား
Dec 31,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ကျင်းပသည့် နှစ်သစ်ကူးအကြိုတေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Dec 31,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4071
Page
4072
Page
4073
Page
4074
Current page
4075
Page
4076
Page
4077
Page
4078
Page
4079
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department