ကျိုက်ထိုမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ကျင်းပ

ကျိုက်ထို ဒီဇင်ဘာ ၃၁

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း(၁)ရက် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် ယမန်နေ့ နံနက် ၉ နာရီတွင် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အထိမ်းအမှတ်အဖြစ် ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင် ဘ/ကတွဲဖက်အထက်တန်းကျောင်းအားကစားကွင်း၌ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

ပြိုင်ပွဲကျင်းပရာတွင် ဆိပ္ဖူးတောင်လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ပဒါန နာယကဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်ဇောတိကမှ အဖွင့်ဩဝါဒကထာမိန့်ကြားပြီး ကရင်အမျိုးသားနှစ်သစ်ကူးအထိမ်းအမှတ်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဘတ်စကပ်ဘော၊ အလျားခုန်၊ အပြေးပြိုင်ပွဲနှင့်စကောရွတ်ပြိုင်ပွဲများကိုကျင်းပ၍ ဆုရ‌ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)