အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၅-ခုနှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းမုခ်ဦး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မိုင်ဒါကွင်း၌  (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ကျင်းပသည်။
Jan 03,2025
ပုလောမြို့၊ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Jan 03,2025
ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှုမရှိစေရေးနှင့် စျေးအတွင်းရှိ စျေးဆိုင်ခန်းများ မီးလန့်မှုမဖြစ်ပွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့မစျေးအတွင်း၌ စျေးမီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်  ၁၁ နာရီခန့်က ပြုလုပ်ခဲ့သည်။
Jan 03,2025
ကယားပြည်နယ်အတွင်းရှိ ရေးကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားကို ယ‌မန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရာသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြသည်။