Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတောင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ
Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အခြေခံပညာ(မြောက်ပိုင်း)ကျောင်းမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကိုသိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာ ( မြောက်ပိုင်း)ကျောင်းမှ Grade-4 ကျောင်းသား/သူ (၂၃) ဦး တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 03,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီးအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ထားဝယ်) တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ
Jan 03,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.မ.ကမူလွန်(၁)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွက်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နက်ပိုင်းတွင် ခရမ်းမြို့ အ.ထ.က(၂)မြို့မကျောင်း၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေဦးဆောင်၍ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 03,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ.ထ.က(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က(နတ်တလင်း)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်သူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 03,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ကျေးလက်ရေရရှိရေ…
Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေများ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒန့်ဒလွန်ကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4048
Page
4049
Page
4050
Page
4051
Current page
4052
Page
4053
Page
4054
Page
4055
Page
4056
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department